နေပြည်တော် အောက်တိုဘာ ၂၄

 

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

 

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ မဟာဝိဇိတာရုံ ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ မြစကြာ ပရိယတ္တိစာသင်တိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ စိန်မမပါဠိတက္ကသိုလ်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ ခေမာသိဒ္ဓိမင်း ကျောင်းတိုက်၊ သာကေတမြို့နယ်ရှိ ညောင်ရိပ်သာ ကျောင်းတိုက်နှင့် အင်းစိန်မြို့နယ်ရှိ မြသန္ဒာကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ကရင်ပရိယတ္တိစာသင်တိုက်၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ အရိယဝံသ ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ရွှေလှေကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ မှန်ကင်းပဇ္ဇောတာရုံကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ အောင်မင်္ဂလာကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ဖရဲငွေတောင် ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်