နေပြည်တော် အောက်တိုဘာ ၂၅

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ မင်္ဂလာဇေယျုံပရိယတ္တိစာသင်တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ သူရိယာရာမ ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ ရွှေလှိုင်ပရိယတ္တိစာသင်တိုက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ ရှင်မတောင်ပရိယတ္တိစာသင်တိုက်၊ လှိုင်မြို့နယ်ရှိ ဝါယာလက် ကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ ဓမ္မောဒယကျောင်းတိုက်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ မင်္ဂလာအောင်မြေ ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ မဟာဝိဇယာရာမကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ အလယ်ရွှေကျောင်း ကျောင်းတိုက်၊ အောင်မြေသာစံမြို့နယ်ရှိ တိပိဋကထိန်လင်းကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ရှိ သာဓုကန်ပရိ ယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အောင်မြေဘုံစံ ကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ ပါရမီကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကို လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း  သိရသည်။

သတင်းစဉ်