နေပြည်တော် အောက်တိုဘာ ၂၉
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ ထူးကြီးကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ တောင်ညိုတောရကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ တိပိဋကမဟာဂန္တဝင်နိကာယ် ကျောင်းတိုက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ ပညာရာမပရိယတ္တိစာသင်တိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ ရွှေဥမင်ဓမ္မသုခ တောရရိပ်သာနှင့် ပရိယတ္တိစာသင်တိုက်၊ သာကေတမြို့နယ်ရှိ ဓမ္မသုခဝိပဿနာကျောင်းတိုက်၊ ရှမ်း ပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ဓမ္မဝံသ (ဓမ္မဝုန်း) ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ မောင်းထောင်ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ဇောင်ကြမ်းပင် ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အောင်ချမ်းသာကျောင်းတိုက်၊ အောင်မြေသာစံမြို့နယ်ရှိ မဟာဝိသုတာရာမ ကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အောင်မင်္ဂလာကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ မန်ဆူဘုရားကြီး ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာနေပြည်တော်ကောင်စီနယ် မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်