နေပြည်တော် အောက်တိုဘာ ၃၀
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက် ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ ရွှေပြည်တော်ဝင် ကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ဓာတုမာလာပရိယတ္တိ စာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ ကောင်းဆုဝေကျောင်းတိုက်၊ ရန်ကင်းမြို့ နယ်ရှိ မိုးကောင်းကျောင်းတိုက်၊ ရွှေပြည်သာမြို့နယ်ရှိ မဟာဝိစိတ္တာရုံကျောင်းတိုက်နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ အောင်ဇေယျာမင်း ကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ သုဝဏ္ဏနားဝမ် (ကိုရင်လေး) ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မိုးကောင်းကျောင်းတိုက်၊ မဟာအောင်မြေမြို့နယ်ရှိ ဗန်းမော် ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ကျောင်းတော်ရာ ရွှေကျင်ကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ဂန္ထဝိပဿနာ ကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ မြို့မပရိယတ္တိ စာသင်တိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်