နေပြည်တော် နိုဝင်ဘာ ၂

 

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ မစိုးရိမ်တိုက်သစ်ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ပထမဂန္ဓာရုံ ကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ကတိုးမဟာရင်ပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ နေနတ်သားပရိယတ္တိစာသင်တိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ ရွှေညောင်ပင်ကျောင်းတိုက်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံပထမရွှေကျင်ကျောင်းတိုက်နှင့် သာကေတမြို့နယ်ရှိ ဇေတဝန် ပရိယတ္တိစာသင်တိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ လယ်တီပရိယတ္တိစာသင်တိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ဒက္ခိဏရာမ ကျောင်းတိုက်နှင့် မဟာအောင်မြေမြို့နယ်ရှိ ပုဂံအတွင်းဝန်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ တောင်ကြီးကျောင်းတိုက်နှင့် လှိုင်မြို့နယ်ရှိ ဇေယျမင်္ဂလာပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ ရွှေလီကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)