နေပြည်တော် နိုဝင်ဘာ ၃

 

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။

 

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ သရက်တော ကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ရာမညရဋ္ဌဗုဒ္ဓတက္ကသိုလ် ၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အနန္တဂုဏ်ရည်ကျောင်းတိုက်၊ မရမ်းကုန်းမြို့နယ်ရှိ တိပိဋက မဟာဂန္ဓာရုံကျောင်းတိုက်၊ ရန်ကင်းမြို့နယ်ရှိ အောင်ချမ်းသာပရိယတ္တိစာသင်တိုက်နှင့် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ ထိန်ထိန်ဝင်းပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ နမ့်ချပ် ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ ဝံသပါလကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ဓမ္မဓရ ဝါဆိုကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ ပင်လယ်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ ကမာကဆစ် အနောက်ကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ စွန်းလွန်းကျောင်းတိုက်တို့သို့ ဆန်ကြာဆံများ ကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)