နေပြည်တော် နိုဝင်ဘာ ၆

 

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက် ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ မြို့ဦးတိုက်သစ် သံလမ်းကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ မဟာစင်္ကြာကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ဓမ္မစေတီထေရဝါဒ ပရိယတ္တိ စာသင်တိုက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဓမ္မာလင်္ကာရကျောင်းတိုက်၊ ရန်ကင်းမြို့နယ်ရှိ၊ ကျောက်ကုန်းကျောင်းကြီး ကျောင်းတိုက်နှင့် ရွှေပြည်သာ မြို့နယ်ရှိ ရွှေပြည်သာပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ ယန်းကုန်းကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဧရာဝတီ ပရဟိတ ဟင်္သာတရွှေကျောင်းတိုက်၊ မဟာအောင်မြေမြို့နယ်ရှိ မဟာဝိသုဒ္ဓါရုံ စာသင်တိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ ဥသျှစ်ကုန်းကျောင်းတိုက်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်ရှိ မဟာပုဗ္ဗာရုံကံဦး ကျောင်းတိုက်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်ရှိ သာသနာအေးကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်