နေပြည်တော် နိုဝင်ဘာ ၉
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်တောရကျောင်းတိုက်နှင့် မဟာမြိုင်တောရကျောင်းတိုက်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့နယ်ရှိ ခေမာသီဝံပရိယတ္တိစာသင်တိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ဦးဝင်းကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ဓမ္မစေတီ(မွန်)ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံပရိယတ္တိစာသင်တိုက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အောင်ဓမ္မရိပ်သာ ကျောင်းတိုက်၊ ဒေါပုံမြို့နယ်ရှိ ပြဿဒ်ပရိယတ္တိစာသင်တိုက်နှင့် ရန်ကင်းမြို့နယ်ရှိ အောင်သုခဗိမာန် ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်ရှိ မဟာဝိဇိတာရုံကျောင်းတိုက်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မဟာကိုးဆူကျောင်းတိုက်နှင့် အမရပူရမြို့နယ်ရှိ ပိဋကတ်မစိုးရိမ်ဓမ္မကောလိပ် ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ မြစေတီပရိယတ္တိ စာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ ငွေကြာရံပရိယတ္တိစာသင်တိုက်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ဘုရားကြီးအနောက်ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကို လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)