နေပြည်တော် နိုဝင်ဘာ ၁၃
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ရာမညရဋ္ဌဗုဒ္ဓတက္ကသိုလ် ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ အနန္တဂုဏ်ရည် ကျောင်းတိုက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မော်ကျွန်းပရိယတ္တိစာသင်တိုက်၊ လှိုင်သာယာမြို့နယ်ရှိ ဝိဇာတဗိမာန်မိုးကုတ်ကျောင်းတိုက်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ပရိယတ္တိမဉ္ဇူကျောင်းတိုက်နှင့် အင်းစိန်မြို့နယ်ရှိ မင်္ဂလာသီရိပရိယတ္တိစာသင်တိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ သစ္စာ ဝေစည်ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ ဇောတိကာရုံပါဠိတက္ကသိုလ်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်မှုမစိုးရိမ် ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ဓမ္မစရိယတက္ကသိုလ်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ မြို့နယ်ရှိ ဓမ္မသိပ္ပံပရိယတ္တိစာသင်တိုက်နှင့် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ ဓမ္မရတနာကျောင်းတိုက် တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်