နေပြည်တော် ဒီဇင်ဘာ ၅
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်ရှိ သီရိရတနာကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ မြို့မရွှေဂူကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ထူပါဇေယျုံကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ ကြာကန်ကျောင်းတိုက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မဟာဗောဓိဗုဒ္ဓဂါယာ ကျောင်းတိုက်၊ ရွှေပြည်သာမြို့နယ်ရှိ မဟာဝိစိတ္တာရုံကျောင်းတိုက်နှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ သာယာကုန်း ပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့နယ်ရှိ မြတ်သန္ဒာကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော် များကိုလည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိသီရိမဏ္ဍိုင်ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသ ကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မစိုးရိမ်တိုက်သစ်ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ ချမ်းသာကြီး(တောင်) ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ညောင်တုန်း ကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ရှမ်းပဋိကတ်၊ စဝ်စံထွန်းကျောင်းတိုက်နှင့် လားရှိုး မြို့နယ်ရှိ စိတ္တသုခကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော် များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်