နေပြည်တော် ဒီဇင်ဘာ ၂၅
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ မင်္ဂလာသီရိပတ္တာကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ မဟာစကြာကျောင်း တိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ စိန်ဟင်္သာတကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင် ဥက္ကလာပ မြို့နယ်ရှိ ကံသာကျောင်းတိုက်၊ ဒေါပုံမြို့နယ်ရှိ ပြဿဒ်ကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ ရွှေဥမင်ဓမ္မသုခ ပရိယတ္တိစာသင်တိုက်နှင့် လှိုင်မြို့နယ်ရှိ ပဏ္ဍိတာရာမပရိယတ္တိစာသင်တိုက် တို့သို့ ဆွမ်းဆန်တော် များကိုလည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ဓမ္မဝါသီကျောင်းတိုက်၊ မန္တ လေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ခန္တောပရိယတ္တိစာသင်တိုက်နှင့် မဟာအောင်မြေမြို့ နယ်ရှိ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ကျောင်းကြီး ကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ စိန်ပန်းပရိယတ္တိစာသင်တိုက်နှင့် လားရှိုးမြို့နယ်ရှိ အရှေ့ခါးရိုး ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်