နေပြည်တော် ဖေဖော်ဝါရီ ၈

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ သနပ္ပင်ဆိပ်(ရှေ့)ကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ဝါးခယ်မကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အောင်ဓမ္မရိပ်သာကျောင်းတိုက်၊ မင်္ဂလာ တောင်ညွန့်မြို့နယ်ရှိ ရေတွင်းကုန်းကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ သဲအင်းဂူကျောင်းတိုက်နှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ပညာလင်္ကာရမဏ္ဍိုင်ကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့နယ်ရှိ သာသနာ့ဝေပုလ္လကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ကြခတ်ဝိုင်းကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ဓမ္မဓရဝါဆိုကျောင်းတိုက်နှင့် မဟာအောင်မြေမြို့နယ်ရှိ ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက်၊မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ဖားအောက်တောရ(ပင်မ)သာသနာ့ ရိပ်သာကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ ဇေတဝန်အောင်စံကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အောင်မြေဇေယျုံကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များ အတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။ 

 

(သတင်းစဉ်)