နေပြည်တော် ဖေဖော်ဝါရီ ၁၁

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိ မြို့နယ်ရှိ မဟာ ဝိဇိတာရုံကျောင်းတိုက်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ သီရိသုဇန ဘေးမဲ့ကျောင်းတိုက်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ဝါဆိုကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ အရှေ့ကံ့ကော် ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ ဓမ္မစေတီပရိယတ္တိစာသင်တိုက်၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ သစ္စာဂုဏ်ရည်ကျောင်းတိုက်၊ ရွှေပြည်သာမြို့နယ်ရှိ ရတနာပန်းကုန်းကျောင်းတိုက်နှင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ ပရိယတ္တိမဉ္ဇူကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့နယ်ရှိ ကိုးသောင်းသာသနာ့မင်္ဂလာကျောင်းတိုက်၊ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်ရှိ အလယ်ကျောင်းတိုက်နှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ မြောက်ဥယျာဉ်တိုက်သစ်ကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ မဟာစည် သာသနာ့ရိပ်သာကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ရွှေတောင်တန်း ပရိယတ္တိ စာသင်တိုက်နှင့် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ မဏိရတနာကျောင်းတိုက် တို့သို့ ဆန်ကြာ ဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့နှင့်ဦးစီးဌာနများမှ သက်ဆိုင်ရာနေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး နှင့်ပြည် နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်