နေပြည်တော် ဖေဖော်ဝါရီ ၁၂
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ အောင်စည်သာ ကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ချမ်းမြေ့ဇေယျာကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ဇေယျာဝတီ ပရိယတ္တိစာသင်တိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ မဟာမြိုင် ပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ သာယာကုန်းပရိယတ္တိ စာသင်တိုက်၊ ရန်ကင်းမြို့နယ်ရှိ အောင်သုခဗိမာန် ကျောင်းတိုက်နှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ အနန်းပင် တောရပရိယတ္တိစာသင်တိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ နိဗ္ဗန္ဒကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ မိုးကုတ်ရိပ်သာကျောင်းတိုက်၊ မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ငွေတောင်ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ ဥသျှစ်ကုန်း ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ အောင်ပင်လယ်ပရိယတ္တိ စာသင်တိုက်၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ ရက္ခဝတီတောရကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်စဉ်