နေပြည်တော် ဖေဖော်ဝါရီ ၁၈
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင် ဝန်ထမ်းအရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ ပရဟိတမင်းကျောင်းတိုက်နှင့် ရွှေအင်းရိပ်သာပရိယတ္တိစာသင်တိုက်၊ မွန်ပြည်နယ် မော်လမြိုင် မြို့နယ်ရှိ မြို့တော်ဦးကျောင်းတိုက်၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ မြို့မပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အရိယာမဂ္ဂင်ကျောင်းတိုက်၊ တောင်ဥက္ကလာပမြို့နယ်ရှိ ကံသာကျောင်းတိုက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ နိကာယ်ပရိယတ္တိစာသင်တိုက်၊ သာကေတ မြို့နယ်ရှိ သုစိတ္တာလင်္ကာရပရိယတ္တိစာသင်တိုက်နှင့် အင်းစိန်မြို့နယ်ရှိ မင်္ဂလာသီရိပရိယတ္တိစာသင်တိုက် များသို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ခေါင်းရင်းတော် ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ မဟာဝိဇိတာရာမကျောင်းတိုက်၊ မဟာအောင်မြေမြို့နယ်ရှိ လေသာပရိယတ္တိစာသင်တိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ နေထွက်ဂူ ကျောင်းတိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ ဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်များသို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာ တော်များအတွက် ပြည်ထဲရေးဝန်ကြီးဌာနတပ်ဖွဲ့နှင့် ဦးစီးဌာနများမှ သက်ဆိုင်ရာ နေပြည်တော် ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်