နေပြည်တော် ဖေဖော်ဝါရီ ၁၉

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းကန်ဦး ကျောင်းတိုက်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ အဘယာရာမ ပရိယတ္တိ စာသင်တိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ မဟာဓမ္မိကာရုံကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ခေမာသီဝံကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ လင်းလွန်းပင် ပရိယတ္တိစာသင်တိုက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဓမ္မဇေယျ ကျောင်းတိုက်နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ ရတနာမဏ္ဍိုင် ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ ရွှေတောင်ပရိယတ္တိ စာသင်တိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ ဉာဏိကာရုံ ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ အောင်မြေရွှေဘုံ ကျောင်း တိုက်နှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်မှုမစိုးရိမ်ကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ပဲခူးပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်ရှိ မူလမင်းကွန်းကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့နှင့် ဦးစီးဌာနများမှ သက်ဆိုင်ရာနေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။ 
သတင်းစဉ်
a