နေပြည်တော် မတ် ၁၄

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်ရှိ သီရိရတနာကျောင်းတိုက်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ကျားရုပ်ပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ ရွှေလှိုင်ပရိယတ္တိစာသင်တိုက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ ရှင်မတောင်ကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ မြစင်္ကြာကျောင်းတိုက်နှင့် ရွှေပြည် သာမြို့နယ်ရှိ လိုတရဟင်္သာတကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ ခြေတော်ရာ ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ အောင်မြေရတနာကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်မှုမစိုးရိမ်ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ အရှေ့ခင်မကန် ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ကွင်းကျောင်းပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အေးစေတီကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ မန်ကောင်းကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်