ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း 

နေပြည်တော် မတ် ၃၀

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အ သီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်ရှိ သီရိမင်္ဂလာကျောင်းတိုက်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ ရန်အောင်မြင် တိုက်သစ်ကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ဓမ္မနန္ဒီကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ လင်းလွန်းပင်ပရိယတ္တိစာသင်တိုက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မော်ကျွန်းကျောင်းတိုက်နှင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်ရှိ သာသနာဟိတပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ သီရိနော်ကျောင်း တိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့နယ်ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မဟာကိုးဆူကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ ကုသိုလ်တော်ရိပ် သာကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ မေတ္တာဝါဒီကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ မြရတနာပရိယတ္တိစာသင်တိုက်နှင့် လားရှိုးမြို့နယ်ရှိ နမ့်ခိုက်ကျောင်း တိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်