နေပြည်တော် အောက်တိုဘာ ၁၄
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ မာန်အောင် ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ တိပိဋကလင်္ကာရပရိယတ္တိစာသင်တိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ချမ်းသာရကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ကျားရုပ် ပရိယတ္တိ စာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ ဘီးလင်းတိုက် သစ်ပရိယတ္တိ စာသင်တိုက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ကြာကန်ကျောင်းတိုက်နှင့် မင်္ဂလာဒုံမြို့နယ်ရှိ ရတနာမာန်အောင်ကျောင်း တိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာဓမ္မိကာရာမကျောင်းတိုက်နှင့် အမရပူရမြို့နယ်ရှိ မဂ္ဂင်ကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ စစ်တွေ မြို့နယ်ရှိ ဒက္ခိဏရာမပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ဝဲပျံ ကျောင်းတိုက် နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ တိုက်ကြီးပရိယတ္တိစာသင်တိုက်တို့သို့ ဆန်ကြာဆံများကို လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)