နေပြည်တော် မေ ၆

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ရွာသစ်ကြီးကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ တိပိဋက ကမ္ဘောဇစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်ရှိ မင်းနန္ဒာစာသင်တိုက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တုလွတ်စံကျောင်းတိုက်၊ မရမ်းကုန်းမြို့နယ်ရှိ ပညာသိပ္ပံကျောင်းတိုက်၊ အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိ စာသင်တိုက်၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ ကျိုင်းငမ်းကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ ဓါတုဝိဇ္ဇာကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊  ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ကြခတ်ဝိုင်း ပရိယတ္တိစာသင်တိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဧရာဝတီပရဟိတဟင်္သာတရွှေကျောင်းတိုက်၊ အောင်မြေသာစံမြို့နယ်ရှိ ဝေဠုဝန်တိုက်သစ်ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ အောင်ပင်လယ်စာသင်တိုက်၊ လမ်းမတော် မြို့နယ်ရှိ ကျောက်ပန်းတောင်းသာမဏေကျော်ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း  သိရသည်။

သတင်းစဉ်