နေပြည်တော် မေ ၂၂

 

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။   

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ရတနာစံကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ တောင်ညိုတောရ ကျောင်းတိုက်၊ ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ပညာရာမပရိယတ္တိ စာသင်တိုက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ တိပိဋက မဟာဂန္တဝင်နိကာယ် ကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ ရွှေဥမင်ဓမ္မသုခတောရ ရိပ်သာပရိယတ္တိ စာသင်တိုက်၊ သာကေတမြို့နယ်ရှိ ဓမ္မသုခဝိပဿနာကျောင်းတိုက်၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ ဓမ္မဝံသကျောင်းတိုက်နှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ မောင်းထောင်ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော် များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ဝင်းနိမ္မိတာရုံ ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ အလိုတော်ပြည့် ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ အနောက်တိုက်တော်ကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင် မြို့နယ်ရှိ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်နှင့် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ ကန်မိန်းစာသင်တိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)