ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဇွန် ၄

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်၊ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်ရှိ ရန်ကင်းတောရကျောင်းတိုက်နှင့် ဥတ္တရသီရိမြို့နယ်ရှိ သူရိယာရာမကျောင်းတိုက်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ ဇောတိကာရုံကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ရွှေဟင်္သာတောရကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ဓာတုမာလာပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး တာမွေ မြို့နယ်ရှိ မစိုးရိမ်ကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ ရွှေဘုန်းရိပ်ကျောင်းတိုက်နှင့် မြောက်ဥက္ကလာပ မြို့နယ်ရှိဓမ္မလင်္ကာရကျောင်းတိုက်များသို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မကွေးတိုင်းဒေသ ကြီး မကွေးမြို့နယ်ရှိ ဝေယံဘုံမြင့်ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ မဟာပညိန္ဒာရာမကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ အရှေ့ခင်မကန်ကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ဇောတနာရာမကျောင်းတိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ လွယ်ခမ်းပါမိုးနဲကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ ရွှေပြည်အေးကျောင်းတိုက်များသို့ ဆန်ကြာဆံ များကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်