နေပြည်တော် ဇွန် ၁၁

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင် ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်ရှိ ရတနာပုံတောရကျောင်းတိုက်နှင့် သရက်တောကျောင်းတိုက်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ အဘယာရာမစာသင်တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ ဝါဆိုကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ရိုးဂိုးကျောင်းဟောင်းကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ ရှင်မတောင်ကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ ကောင်းစုဝေကျောင်းတိုက်၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်ရှိ ကျွန်းကလေးပရိယတ္တိကျောင်းတိုက်နှင့် အင်းစိန်မြို့နယ်ရှိ မင်္ဂလာသီရိ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မကွေးတိုင်း ဒေသကြီး မကွေးမြို့နယ်ရှိ မင်္ဂလာသာစည်ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ်ရှိ တောင်ဆင်တဲကျောင်းတိုက်နှင့် မဟာအောင်မြေမြို့နယ်ရှိ ရေပန်းကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ ပဒံပရိယတ္တိကျောင်းတိုက်၊ ရှမ်းပြည်နယ် လားရှိုးမြို့နယ်ရှိ အထက်မန်အိုင် ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများသို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်