နေပြည်တော် ဇွန် ၂၀

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ရတနာသိဒ္ဓိကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ မြို့မရွှေကြာရုံကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ ဇေယျဝတီကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင် မြို့နယ်ရှိ မြို့တော်ဦး(ဘ/က)ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ အနန္တဂုဏ်ရည်ကျောင်းတိုက်နှင့် အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်တိုက်တို့သို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ပြည်နယ်ကမ္မဋ္ဌာန်းကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ စန္ဒိမာရာမကျောင်းတိုက်နှင့် အောင်မြေသာစံမြို့ နယ်ရှိ ဣန္ဒြိယာရာမ ရွှေဂူကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ညောင်တုန်း ကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အောင်အပ်နှံကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ လွယ်ဝိန်းတောရကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်