နေပြည်တော် အောက်တိုဘာ ၁၆

 

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ် လှူဒါန်း လျက်ရှိသည်။

 

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ အောင်ချမ်းသာကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ဇောတိကာရုံကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ဆင်ဖြူပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ သုံးပါးရတနာကျောင်းတိုက်၊ ရန်ကင်းမြို့နယ်ရှိ ပဉ္စနိကာယ သာသနာ့ဗိမာန် ကျောင်းတိုက်နှင့် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ ဇေတဝန်ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ မိုးကုတ်ရိပ်သာ ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ညောင်ရမ်းကျောင်းတိုက်နှင့် မဟာအောင်မြေ မြို့နယ်ရှိ လေသာပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်ရှိ ဇောတိကာရုံ ကျောင်းတိုက်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ စွယ်တော် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းနှင့် လားရှိုးမြို့နယ်ရှိ ခါးရိုးပရိယတ္တိ စာသင်တိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်