နေပြည်တော် ဖေဖော်ဝါရီ ၁၄
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဉာဏဂုဏ်ရည်ပရိယတ္တိစာသင်တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ တိပိဋကာလင်္ကာရ သာမဏေကျော်ကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ချမ်းသာရကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ကျားရုပ်ပရိယတ္တိ စာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ ဘီးလင်းတိုက်သစ်ပရိယတ္တိ စာသင်တိုက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ကြာကန်ကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ ရတနာမာန်အောင်ကျောင်းတိုက်၊ ရန်ကင်းမြို့နယ်ရှိ ကျောက်ကုန်းကျောင်းကြီး ကျောင်းတိုက်နှင့် ရွှေပြည်သာမြို့နယ်ရှိ ရွှေပြည်သာပရိယတ္တိစာသင်တိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ သီတဂူဗုဒ္ဓ ကောလိပ်၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ အရိယဝံသကျောင်းတိုက်၊ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ချမ်းမြသာစည်ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ မဟာသန္တာရုံကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ ကမာကဆစ်အလယ် ကျောင်းပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ရတနာပုံအောင်သုခ ပရိယတ္တိစာသင်တိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော် များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်