နေပြည်တော် ဇန်နဝါရီ ၂၁
ပြည်ထဲရေးဝန်ကြီးဌာန၊ အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်း တော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ကူးတို့ဆိပ်ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ မြို့မရွှေကြာရုံ ကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ သာသနာ့ရက္ခိတကျောင်းတိုက်၊ မွန်ပြည် နယ်၊ မော်လမြိုင်မြို့နယ်ရှိ ရာမညနိကာယ ဘာသာသနာ့ရက္ခိတပရိယတ္တိမွန် ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ထေရဝါဒဓမ္မရောင်ခြည် ပရိယတ္တိ စာသင်တိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ မဟာအတုလ ဝေယံဘုံသာတိပိဋက ရွှေပါရမီကျောင်းတိုက်၊ ရွှေပြည်သာမြို့နယ်ရှိ ပညာပါရမီကျောင်းတိုက်နှင့် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ ပုဗ္ဗာရုံ ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ သရက်တောကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ ပညာစက္ကရာမကျောင်း တိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မိုးကုတ်ရိပ်သာ (မြောက်)ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ နဂါးပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ နောင်အင်ပရိယတ္တိစာသင်တိုက်နှင့် လားရှိုးမြို့နယ်ရှိ လွယ်ဝိန်းတောရကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့နှင့် ဦးစီးဌာနများမှ သက်ဆိုင်ရာနေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်