ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၂၅

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများသည် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ သီရိရတနာကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ ပထမဂန္ဓာရုံကျောင်းတိုက်၊ မုံရွာမြို့နယ်ရှိ မြို့မရွှေကြာရုံကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ခေမာသီဝံကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ရှိ မဟာမြိုင်ကျောင်းတိုက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ဂုဏ်ရည်လွင်ကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ မြစင်္ကြာကျောင်းတိုက်၊ ရွှေ

mdn

ပြည်သာမြို့နယ်ရှိ ပညာပါရမီကျောင်းတိုက်နှင့် ရှမ်းပြည်နယ်ကျိုင်းတုံမြို့နယ်ရှိ ဓမ္မဝံသ (ဓမ္မဝုန်း) ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ဆေးဝင်္ကဘာစာသင်တိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ပြည်ကျောင်းပရိယတ္တိစာသင်တိုက်၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ အသောကာရာမကျောင်းတိုက်၊ မဟာအောင်မြေမြို့နယ်ရှိ ပေါင်းလဲကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ ဓမ္မာရုံကျောင်းတိုက်နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ သီရိမင်္ဂလာ ရွှေမန်းကျောင်းတိုက်တို့သို့  ဆန်ကြာဆံများကိုလည်းကောင်း တာဝန်ရှိသူများ သွားရောက်၍ ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်