နေပြည်တော် ဇန်နဝါရီ ၁၇ 

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ ကျောင်းစုကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ဦးဝင်းကျောင်းတိုက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ မြစကြ်ာကျောင်းတိုက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေလယ်ကျောင်းတိုက်၊ မရမ်းကုန်းမြို့နယ်ရှိ သံဃာ့တက္ကသိုလ်ကျောင်းတိုက်နှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ စိန်မြဓမ္မ သာလာကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ နိဂြောဓာရုံကျောင်း တိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ မင်္ဂလာ သာစည်ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ ငြိမ်းချမ်းရေးကျောင်း တိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ မဟာဒီပဲယင်းကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ နန်းဦးကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အောင်အပ်နှံကျောင်း တိုက်နှင့် လားရှိုးမြို့နယ်ရှိ နမ့်ခိုက်ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်