ပြည်ထောင်စု လမ်းမကြီးဂုတ်တွင်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ယာဉ်တစ်စီးမီးလောင်မှု ဖြစ်ပွား

ကျောက်မဲ ၁၆  ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ကျောက်မဲမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး ဂုတ်တွင်းလမ်းပိုင်းတွင် ဖေဖော်ဝါရီ ၁၅ ရက် ည ၈ နာရီ  ၄၅ မိနစ် အချိန်က ယာဉ်တိုက်မှု ဖြစ်ပွားပြီး ယာဉ်တစ်စီး မီးလောင်ခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၈၅/၇ နှင့် ၈၆/ဝကြားတွင် နောင်ချိုဘက်မှ ကျောက်မဲဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသည့်ယာဉ်သည် လားရာတူ ရှေ့မှ ယာဉ်မောင်း ကျော်ကျော်သက်(၂၇)နှစ် မြိုင်မြို့နယ်တွင် နေထိုင်သူ မောင်းနှင်သည့် (၂၂) ဘီးယာဉ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက်တိုက်မိပြီး ယာဉ်(ယာဉ်အမျိုးအစား စိစစ်ဆဲ)မှာ မီးလောင်မှုဖြစ်ပွားခဲ့သည်။ နောက်မှ ဝင်တိုက်သည့် ယာဉ်မောင်းမှာ အခင်းဖြစ်ရာနေရာတွင် ယာဉ်အားထားရှိ၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ 

 

ယာဉ်အားမဆင်မခြင်မောင်းနှင်ပြီး ရှေ့မှသွားလာနေသည့် ယာဉ်အားနောက်မှဝင်ရောက်တိုက်မိပြီး မိမိယာဉ်အား မီးလောင်မှုဖြစ်ပွားအောင် မောင်းနှင်၍ ထွက်ပြေး တိမ်ရှောင်သွားခဲ့သူယာဉ်မောင်း ကို ဥပဒေအရ အရေးယူနိုင်ရန် စုံစမ်းလျက်ရှိကြောင်း ခရိုင်  ပြန်/ဆက်မှ သိရသည်။

 

MDN