ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ နှင့်အဖွဲ့အား တွေ့ဆုံ

နေပြည်တော်  ၁၅  ဇူလိုင် 

 

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

 

ထိုသို့ တွေ့ဆုံစဉ်  ဒေသဖွံ့ဖြိုးရေးနှင့် တပ်ဖွဲ့ဝင်မိသားစုများ ရပ်တည်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း၊ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နိုင်ဝင်းလှနှင့် နိုင်ဗညားလယ်၊ ဗဟိုကော်မတီဝင် နိုင်အောင်မငေး နှင့်တာဝန်ရှိသူတို့ တက်ရောက်ကြသည်။ 

 

သူရဇော်၊ မျိုးမြင့်(သတင်းစဉ်)