ရန်ကုန် ဖေဖော်ဝါရီ ၂၁

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)၏ နှစ်စဉ်ကျင်းပမြဲ ဖြစ်သော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲပိုင်းက ပင်မဆောင်အနီး မြေကွက်လပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

အခမ်းအနားသို့ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်အားပေးကြသည်။ ပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ အဖွဲ့ ရှစ်ဖွဲ့က ပျော်ရွှင်တက်ကြွစွာ ပါဝင်ယှဉ်ပြိုင်ပြီးကြ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသော အဖွဲ့များကို ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

 

စည်သူမောင်မောင်(ပြန်/ဆက်)