နေပြည်တော် မတ် ၁၈
ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး H.E. Mr. Harishchandra Ghimire ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ၊ နီလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် စာရင်းစစ်ဆေးရာ၌ Manual မှ Digital စနစ်သို့ ပြောင်းလဲလာမှုများ၊ နည်းပညာ အသုံးချဆော့ဝဲလ်များ အသုံးပြုနေမှု၊ သတင်းအချက်အလက်နှင့် နည်းပညာအသုံးပြု၍ IT Audit ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။
(သတင်းစဉ်)