နေပြည်တော် ၁၂  ဇွန် 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ဇွန် ၁၁ ရက် မှ ၁၂ ရက်အထိ သွားရောက်ခဲ့သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ခရီးစဉ်အတွင်း ကျောက်မဲခရိုင်နှင့် မြို့နယ်စာရင်းစစ်ရုံးများ၊ သီပေါမြို့နယ် စာရင်းစစ်ရုံး၊ လာရှိုးခရိုင်နှင့် မြို့နယ်စာရင်းစစ် ရုံးများ၊ ကွတ်ခိုင်မြို့နယ်စာရင်းစစ်ရုံးများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံကာ လုပ်ငန်းပိုင်းဆိုင်ရာများ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)