နေပြည်တော် မတ် ၂၅
(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ (၈၆)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက နေပြည်တော်၊ အမှတ်(၂)တပ်မတော် ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ ကျင်းပသည်။
သွေးလှူဒါန်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်း(၂၉)ဉီးက သွေးလှူဒါန်းခဲ့ကြရာ ဒုတိယ စာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးနှင့် တာဝန်ရှိသူများက သွေးလှူဒါန်းသည့် ဝန်ထမ်းများကို ကြည့်ရှု အားပေးပြီး ကြက်ဉ၊ နွားနို့၊ မုန့်နှင့် အချိုရည်စသည့် အားဖြည့်ဓာတ်စာများ ပေးအပ်ကြသည်။
ထို့နောက် ရောဂါဗေဒဌာနမှ ပါမောက္ခ ဒုတိယဗိုလ်မှူးကြီး ဉာဏ်လင်းက သွေးလှူရှင် ဝန်ထမ်း များကို မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ပြီး အားဖြည့်ဓာတ်စာများ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)