နေပြည်တော် ဇူလိုင် ၁၈
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ငါးမျိုးစိုက်ထည့်ပွဲနှင့် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၌ ကျင်းပသည်။
ဉီးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ လျှိုပိတ်ဆည်အတွင်းသို့ ထိုင်းငါးခုံးမ ငါးသားပေါက်ကောင်ရေ တစ်သောင်းခွဲကို မျိုးစိုက်ထည့်ပေးကြသည်။
ထို့နောက် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်နှင့် အမြဲတမ်းအတွင်းဝန်တို့က ရတနာတန်းဝင် ကျွန်းပင်များ၊ ခရေပင်များကို ဉီးဆောင်စိုက်ပျိုးပေးကြပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများက သတ်မှတ်နေရာ အသီးသီးတွင် ပျိုးပင်များကို စိုက်ပျိုးကြသည်။
ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများသည် ဝန်ထမ်းများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ကံ့ကော်၊ ပိတောက်၊ ငုရွှေဝါ၊ ခရေ၊ သရက်၊ ကျွဲကော၊ မရမ်းနှင့် ပိန္နဲ အပါအဝင် ပျိုးပင်ပေါင်း ၁၉၀ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သတင်းစဉ်