နေပြည်တော် ဇူလိုင် ၁၀
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ဝန်ထမ်းသားသမီးများအား ပညာရည် ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး၊ ဒုတိယစာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများတက် ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည့် ဝန်ထမ်းသား သမီးများ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပြီး နိုင်ငံအတွက် ပညာရည်ပြည့်ဝသည့် မျိုးဆက်သစ်လူငယ်များ ပိုမိုပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ချီးမြှင့်ဂုဏ်ပြုခြင်း ဖြစ်ပါကြောင်း၊ ပညာပြည့်ဝနှလုံးလှမှသာ တွေ့ကြုံလာရသည့် အခက်အခဲများ၊ အမှုကိစ္စများကို ကောင်းမွန်စွာ ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။
ထို့ကြောင့် မိဘများအနေဖြင့် ပညာ၏အရေးပါမှုကို သိရှိနားလည်ပြီး သားသမီးများ ကိုပညာ အမွေပေးခြင်းဖြင့် မိဘထက်သာလွန်သည့် သားသမီးများဖြစ်စေရေး ပြုစုပျိုးထောင် ပေးကြ စေလိုပါကြောင်း၊ ထို့ပြင် ပညာရည်မြင့်မားပြီး ကိုယ်ကျင့်တရားကောင်း မွန်စေရေး အတွက်လည်း အလေးထား၍ သွန်သင်ဆုံးမလမ်းညွှန် ပေးကြရမည်ဖြစ်ကြောင်း၊ သားသမီး များ အနေဖြင့်လည်း လက်ရှိအောင်မြင်မှုမှသည် နိုင်ငံမှအားထားရသည့် အသိပညာရှင်၊ အတတ်ပညာရှင်အဆင့်အထိ လျှောက်လှမ်းနိုင်ရန် အစဉ်တစိုက် ကြိုးစားအားထုတ်သွားရန် လိုအပ်ကြောင်း၊ တာဝန်ရှိသူများ ကလည်း တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် မိမိတို့၏ တပည့်ဝန်ထမ်းငယ်များ၏ ပညာရေးခရီး ဆုံးခန်းတိုင်အောင် ဆက်လက်ဆည်းပူးနိုင်ရေး အားပေးကူညီပံ့ပိုးပေးကြစေလိုကြောင်း ပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များက ငါးဘာသာဂုဏ်ထူးရှင် (၃) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁) ဦး အပါအဝင် ဂုဏ်ထူးဖြင့်အောင်မြင်သူ (၁၇) ဦး၊ ဝန်ထမ်းငယ် (၅) ဦးအပါအဝင် ရိုးရိုးအောင်မြင်သူ (၂၂) ဦးတို့ကို ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ် ချီးမြှင့်သည်။
ယနေ့အခမ်းအနားတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံးများနှင့် ဒေသစာရင်းစစ်ရုံးများမှ ဝန်ထမ်းသားသမီးများ ဖြစ်သည့် တက္ကသိုလ် ဝင်တန်းတွင် ဂုဏ်ထူးဖြင့်အောင်မြင်သူ (၁၇) ဦးနှင့် ရိုးရိုးအောင်မြင်သူ (၂၂) ဦးတို့ ကို ဂုဏ်ပြုချီးမြှင့််ခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)