ပြည်ထောင်စုဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုကို ဖော်ဆောင်တယ်လို့ မြင်ပါတယ်

နေပြည်တော် ၄ ဖေဖော်ဝါရီ

(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားအပြီးတွင် ဖျော်ဖြေကြမည့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များသည် နေပြည်တော် မြို့တော်ခန်းမ လဟာပြင် ကဇာတ်ရုံတွင်  အဆို၊ အကများနှင့် ရိုးရာဓလေ့များ ဖော်ကျူး ဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်လျက်ရှိကြသည်။ ယင်းတို့အနက်မှ ကယားရိုးရာယဉ်ကျေးမှုအဖွဲ့မှ ခူးဘောရယ်က

“ကျွန်တော်တို့အဖွဲ့က ဖားစည်သီချင်းနဲ့ ဖျော်ဖြေမှာ ဖြစ်ပါတယ်၊ ပြည်ထောင်စုဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုကို ဖော်ဆောင်တယ်လို့ မြင်ပါတယ်၊ ကျွန်တော်တို့ အကတိုက်ခဲ့တာက ပြီးခဲ့တဲ့ ဇန်နဝါရီ လ ၁၅ ရက်စပြီး ၃ဝ ရက်နေ့အထိ တိုက်ခဲ့ရပါတယ်” ဟု ပြောသည်။

MDN