ပြည်ထောင်စုစိတ်ဓာတ်ဆိုတာက နိုင်ငံတစ်ဝန်းက ပြည်ထောင်စုသားအားလုံး စိတ်ဓာတ်တစ်ထပ်တည်း ကျပြီဆို အဲ့ဒါပြည်ထောင်စုစိတ်ဓာတ်လို့ ယူဆပါတယ်

နေပြည်တော် ၄ ဖေဖော်ဝါရီ

(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားအပြီးတွင် ဖျော်ဖြေကြမည့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များသည် နေပြည်တော် မြို့တော်ခန်းမ လဟာပြင် ကဇာတ်ရုံတွင်  အဆို၊ အကများနှင့် ရိုးရာဓလေ့များ ဖော်ကျူးဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက် လျက်ရှိကြသည်။ ယင်းတို့အနက် ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့မှ မခင်စုလှိုင်က

“ကျွန်မတို့က ရခိုင်ရိုးရာယဉ်ကျေးမှု အကအနေနဲ့ကတော့ ရခိုင်လူမျိုးတို့ရဲ့ ယဉ်ကျေးမှုအရ ဓလေ့စရိုက်တွေ ကိုဖော်ပြထားတဲ့ ရခိုင်စာဂီထိန်း ကတ်လီဆိုတဲ့ သီချင်းနဲ့ဖျော်ဖြေမှာ ဖြစ်ပါတယ်၊ ပြည်ထောင်စုစိတ်ဓာတ် ဆိုတာက နိုင်ငံတစ်ဝန်းက ပြည်ထောင်စုသားအားလုံး စိတ်ဓာတ်တစ်ထပ်တည်း ကျပြီဆို အဲ့ဒါပြည်ထောင်စု စိတ်ဓာတ်လို့ ယူဆပါတယ်၊ တိုင်းရင်းသားပေါင်းစုံကို တစ်နေရာ တည်းမှာ တွေ့ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိ ပါတယ်” ဟု ပြောသည်။

MDN