ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဌမနေ့တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင်ပြောင်းလဲတာဝန်ပေးအပ်

နေပြည်တော်  ၃၀ ဇူလိုင်


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဌမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပလျက်ရှိပြီး  အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ကော်မတီတွင် အဖွဲ့ဝင်ပြောင်းလဲတာဝန်ပေးအပ်ခြင်းကို တင်ပြခြင်းနှင့် လွှတ်တော်၏ သဘောတူညီချက် ရယူသွားမည်ဖြစ်ကြောင်း သိရသည်။


ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု အစိုးရအဖွဲ့က ပေးပို့သည့် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ် အမျိုးသားစီမံကိန်းအစီရင်ခံစာနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရသုံးဆိုင်ရာ အစီရင်ခံစာပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက  ပြန်လည်ရှင်းလင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


MDN