နေပြည်တော် ၂၅ ဇန်နဝါရီ


ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Burgener အားယနေ့ နံနက် ၁၁ နာရီခွဲတွင် လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr.Scot Marciel အား မွန်းလွဲ ၂နာရီတွင် လည်းကောင်း နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-1) ၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။ 


ကုလသမဂ္ဂဌာနေ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် ရခိုင်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပမှ မှန်ကန်စွာ နားလည်သိမြင်ရေးအတွက် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ စသည်တို့အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ‌ဆွေးနွေးကြသည်။


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ‌ဆွေး‌နွေးကြသည်။


(သတင်းစဉ်)

 

ာိည