ပြည်ထောင်စုလွှတ်တော်ရုံး ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

 

နေပြည်တော် ၁၅ မတ်

၁။ ပြည်ထောင်စုလွှတ်တော်ရုံးတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး ရာထူး (လစာနှုန်း ကျပ် ၁၅၀ဝဝဝ-၂၀ဝဝ-၁၆၀ဝဝဝ) ၂၀နေရာအတွက် အောက်ပါသတ်မှတ်ချက်နှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်

 

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊

(ခ) တက္ကသိုလ်မှ အနည်းဆုံးဘွဲ့တစ်ခုခု ရရှိထားသူဖြစ်ရမည်။ (ဥပဒေ/စီးပွားရေး/နိုင်ငံတကာဆက်ဆ ရေး/အင်္ဂလိပ်စာ/ကွန်ပျူတာ ဘွဲ့ရရှိသူများ ဦးစားပေးမည်)၊

(ဂ) ကွန်ပျူတာအခြေခံတတ်ကျွမ်းရမည်၊

(ဃ) ၃၁-၃-၂၀၁၈ရက်တွင် (၂၅)နှစ်ထက် မကျော်စေရ၊

(င) မဟာဘွဲ့နှင့်မဟာသုတေသနဘွဲ့ရရှိသူများအတွက် ၃၁-၃-၂၀၁၈ ရက်တွင်၊ (၃၀)နှစ် ထက်မကျော်စေရ၊

(စ) မဟာဘွဲ့နှင့် မဟာသုတေသနဘွဲ့ရရှိသူများအား ခန့်ထားခြင်းခံရပါက တစ်ဆင့်မြင့် ရာထူး တိုးမြှင့်ရေးအတွက် ခြွင်းချက်ဖြင့် စဉ်းစားပေးမည်၊

(ဆ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

 

၂။ လျှောက်လွှာတွင် အောက်ပါအချက်အလက်များကို ဖော်ပြ၍ ကိုယ်တိုင် လက်မှတ်ရေးထိုး လျှောက်ထားရမည်

(က) အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်

( ခ) မွေးနေ့သက္ကရာဇ်(အသက်)

(ဂ ) လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ

(ဃ) ပညာအရည်အချင်းနှင့်အောင်မြင်သည့်ခုနှစ်

( င) အိမ်ထောင်ရှိ/မရှိ၊ အိမ်ထောင်ရှိလျှင် ဇနီး/ခင်ပွန်း၏အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ အလုပ်အကိုင်နှင့် နေရပ်လိပ်စာ ဖော်ပြရန်

( စ) မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် ၄င်းတို့၏ အလုပ်အကိုင်

(ဆ) နေရပ်လိပ်စာ၊ ဖုန်းနံပါတ်

 

၃။ လျှောက်လွှာနှင့်အတူ အောက်ပါတို့ ပူးတွဲပါရှိရမည်

(က)တစ်လအတွင်း ရိုက်ထားသော ပတ်စ်ပို့ဓာတ်ပုံနှစ်ပုံ(နောက်ကျောတွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ရေးသားရန်)

( ခ) ဘွဲ့လက်မှတ်(သို့မဟုတ်)သက်ဆိုင်ရာတက္ကသိုလ်၏ ထောက်ခံချက်မိတ္တူ၊

( ဂ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်မိတ္တူ၊

(ဃ) ကွန်ပျူတာအခြေခံအောင်လက်မှတ်မိတ္တူ၊

( င) (၆)လအတွင်းပြုလုပ်ထားသော အလုပ်သမား မှတ်ပုံတင်ကတ်ပြားမိတ္တူ၊

( စ) တစ်လအတွင်း ရရှိထားသော အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်နှင့်ရဲစခန်း၏ ထောက်ခံချက်မူရင်း၊

(ဆ) အနည်းဆုံး(၃)နှစ် တာဝန်ထမ်းဆောင်နိုင်ကြောင်း ကတိပြုဝန်ခံချက်၊

( ဇ) တစ်လအတွင်းပြုလုပ်ထားသည့် ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံချက်။

 

၄။ လျှောက်လွှာများကို ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ရုံးအမှတ်(၂၀) နေပြည်တော်သို့ လိပ်မူ၍ လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှ မှတ်ပုံတင်၍သော်လည်း ကောင်း ၂၈-၃-၂၀၁၈ရက် (ဗုဒ္ဓဟူးနေ့) နောက်ဆုံးထား၍ ပေးပို့နိုင်သည်။

 

၅။ သတ်မှတ်ရက်ထက်နောက်ကျပေးပို့လာသော လျှောက်လွှာများနှင် ့သတ်မှတ်ချက်နှင့် မကိုက်ညီသူများအား ဖြေဆိုခွင့်ပြုမည်မဟုတ်ပါ။

 

၆။ ဖြေဆိုခွင့်ရရှိသူများစာရင်းကို ပြည်ထောင်စုလွှတ်တော် Website နှင့် Facebook Page များတွင် ၃-၄-၂၀၁၈ရက်(အင်္ဂါနေ့) ညနေပိုင်းမှစ၍ ကြေညာမည်။

 

၇။ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ၆-၄-၂၀၁၈ရက်(သောကြာနေ့)မှစ၍ ရုံးအမှတ်(၂၀) နေပြည်တော်၌ ထုတ်ပေးမည်။

 

၈။ အရည်အချင်းစစ်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတဘာသာ ရပ်များကို ၇-၄-၂၀၁၈ရက်(စနေနေ့)နံနက် ၉နာရီမှ ၁၂နာရီအထိ ပြည်ထောင်စုလွှတ်တော်ရုံး၊ နေပြည်တော်၌ ဖြေဆိုရမည်။

 

၉။ အရည်အချင်းစစ်စာမေးပွဲ အောင်မြင်သူများအား လူတွေ့စစ်ဆေးခြင်းနှင့် ကွန်ပျူတာလက် တွေ့စစ်ဆေးခြင်းကို ၂၃-၄-၂၀၁၈ရက်(တနင်္လာနေ့)နှင့် ၂၄-၄-၂၀၁၈ရက်(အင်္ဂါနေ့)တွင် နံနက် ၉း၃၀နာရီမှစ၍ ဆောင်ရွက်မည်။

လူတွေ့စစ်ဆေးချိန်တွင် အပိုဒ် ၃ ပါ စာရွက်စာတမ်းမူရင်းများ တင်ပြရမည်။

 

၁၀။ အသေးစိတ်သိလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ စီမံရေးဌာနကြီး ဖုန်း-ဝ၆၇- ၅၉၁၁၈၉ နှင့် ဝ၆၇-၅၉၁၂၉၄တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပြီး ပြည်ထောင်စု လွှတ်တော် Website : www.pyidaungsu.hluttaw.mm နှင့်  Facebook Page: myanmarunionnpar liament တွင် ဝင်ရောက်ကြည် ့ရှုနိုင်ပါသည်။ MDN