နေပြည်တော် ၄ ဇွန်
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ (၁၃)ရက် မြောက်နေ့သို့ National Enlightenment Institute- NEI မှ ဆရာ/ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများနှင့် လွှတ်တော်ကိုယ်စားလှယ်မှ တစ်ဆင့်လာရောက်လေ့လာကြသည့် ပြည်သူများ စုစုပေါင်း(၂၄၈) ဦး တက်ရောက် လေ့လာခဲ့ကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး စတင်ကျင်းပသည့်ရက်မှ ယနေ့ အထိ လွှတ်တော်သို့လာရောက်လေ့လာသူပေါင်း (၅၂၇၇၁) ဦးရှိပြီး လွှတ်တော်သို့ လာရောက် လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံး တို့မှသက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ (၃)ရက် ကြိုတင်ပေးပို့နိုင်ပါကြောင်း သိရသည်။
(သတင်းစဉ်)