နေပြည်တော်  ၂၇   ဇန်နဝါရီ 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့သို့ Taunggyi Youth Center မှ သင်တန်းသား/သင်တန်းသူများနှင့်   လွှတ်တော်ကိုယ်စားလှယ်များမှ တစ်ဆင့် လာရောက်လေ့လာကြသည့် ပြည်သူများ စုစုပေါင်း ၂၉၀ တက်ရောက်လေ့လာခဲ့ကြသည်။

 

a

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ လွှတ်တော်သို့ လာရောက်လေ့လာသူပေါင်း ၆၁,၈၁၅ ဦးရှိပြီး လွှတ်တော်သို့ လာရောက်လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍  ၃ ရက် ကြိုတင်ပေးပို့နိုင်ပါကြောင်း သိရသည်။ 

(သတင်းစဉ်)