နေပြည်တော် ၂၈ ဖေဖော်ဝါရီ
ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ (၁၅)ရက်မြောက်နေ့သို့ ဦးသန်းရွှေဦးဆောင်သော မြဝတီမြို့မှ ဧည့်သည်များ၊ MYPOL မှ ဧည့်သည်များနှင့် လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် လာရောက်လေ့လာကြသည့် ပြည်သူများ စုစုပေါင်း (၂၄၉) ဦး တက်ရောက်လေ့လာခဲ့ကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ စတင်ကျင်းပသည့်ရက်မှ ယနေ့ အထိ လွှတ်တော်သို့လာရောက်လေ့လာသူပေါင်း (၆၄,၈၉၀) ရှိပြီး လာရောက် လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ (၃)ရက် ကြိုတင်ပေးပို့နိုင်ပါကြောင်း သိရသည်။
(သတင်းစဉ်)