ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာ

နေပြည်တော် ၂၆  ဇူလိုင်

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး၊ ပဉ္စမနေ့သို့ Embassy of the United States of America မှ ဧည့်သည်တော်များ၊ ဒဂုံတက္ကသိုလ်မှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ မန္တလေးတိုင်းဒေသကြီး ပညာစံအိမ်-ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ တဆင့်လာရောက်လေ့လာကြသည့် ပြည်သူများ စုစုပေါင်း(၆၁၈) ဦး တက်ရောက် လေ့လာခဲ့ကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ လွှတ်တော်သို့လာရောက်လေ့လာသူပေါင်း (၅၅၀၆၉) ဦးရှိပြီး လွှတ်တော်သို့ လာရောက် လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံး တို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ (၃)ရက် ကြိုတင်ပေးပို့နိုင်ပါကြောင်း သိရသည်။  

သတင်းစဉ်

 

mdn