ပြည်ထောင်စုလွှတ်တော်သို့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်း/ အဖွဲ့များနှင့် ပြည်သူများ လာရောက်လေ့လာ

နေပြည်တော် ၃၁ မေ 
    

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး၊ (၁၂)ရက် မြောက်နေ့သို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန(တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်း/အဖွဲ့များ)နှင့် လွှတ်တော်ကိုယ်စားလှယ်မှ တစ်ဆင့်လာရောက်လေ့လာကြသည့် ပြည်သူများ စုစုပေါင်း(၂၀၂) ဦး တက်ရောက် လေ့လာခဲ့ကြသည်။
    

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ လွှတ်တော်သို့လာရောက်လေ့လာသူပေါင်း (၅၂၄၁၁)ဦးရှိကြောင်း၊ လွှတ်တော်သို့ လာရောက်လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသား လွှတ်တော်ရုံး တို့မှသက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ (၃)ရက် ကြိုတင်ပေးပို့နိုင်ပါကြောင်း သတင်းရရှိသည်။  


သတင်းစဉ်

 

1