ဂန့်ဂေါ  ၁၀  ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန  (Community Centre) ခန်းမတွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးနှင့် စစ်တုရင်နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ပြုလုပ်သည်။

 

အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်က ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ စာစီစာကုံးပြိုင်ပွဲတွင် "ပြည်ထောင်စုနေ့ တို့မမေ့" ခေါင်းစဉ် ဖြင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၆၀၊ စစ်တုရင်ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၂၈ ဦးနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၁၀   ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။

 

အဆိုပါပြိုင်ပွဲသို့ မြို့ပေါ်(၄)ရပ်ကွက်နှင့် အ.ထ.က(ရှုံးရှီ)ကျောင်းများမှ  ကျောင်းသား/ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထင်အောင်နိုင်(ပြန်ဆက်)