အောင်လံ ၁၂ ဖေဖော်ဝါရီ
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် Aunglan Cycling Club မှ ကြီးမှူး ကျင်းပသော တတိယအကြိမ်မြောက် အောင်လံမြို့နယ်လုံးဆိုင်ရာ လူထုစက်ဘီးစီးနင်းပွဲကြီးကို ယနေ့ (ပြည်ထောင်စုနေ့) နံနက် ၆ နာရီခွဲမှစတင်၍ ကျင်းပရာ စက်ဘီးစီးဝါသနာရှင်အား ကစားသမား ၈၀ဝ ကျော် ပါဝင်စီးနင်းကြကြောင်း သိရသည်။

လူထုကျန်းမာရေး အထောက်အကူပြု အောင်လံမြို့တစ်ပတ် လူထုစက်ဘီးစီးနင်းပွဲကို ဇေယျဝတီ ရပ်ကွက် ပြည်လမ်း ရှင်မတောင် စက်ဘီးအပိုပစ္စည်းအရောင်းဆိုင်ရှေ့မှ စတင်တာလွှတ်၍ မြို့တစ်ပတ် စီးနင်းပြီး တရော်ကုန်းရပ်ကွက် အောင်မြေရွှေဝါအားကစားကွင်းတွင် တာဝင်ကြသည်။ စက်ဘီးစီး သူများကို Ooredoo တယ်လီဖုံး အော်ပရေတာမှ အင်္ကျီ၊ ကျောပိုးအိတ်နှင့် ထီးများကို ကူညီပံ့ပိုးထားပြီး Aunglan Cycling Club နှင့် စေတနာရှင်များက မုန့်နှင့် ရေသန့်ဘူးများ ဝေငှ၍ Giaint စက်ဘီးနှင့် အခြားဆုမဲပေါင်းများစွာကို ကံစမ်းမဲဖောက်ကာ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သိန်းလွင်(အောင်လံ)