ပြည်ထောင်စုငြိမ်းချမ်းရေးစာစောင်အတွက် စာမူများဖိတ်ခေါ်ခြင်း

၁။  ပြည်ထောင်စုငြိမ်းချမ်းရေးစာစောင်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်း ရေးကို အထောက်အကူဖြစ်စေရန်လည်းကောင်း၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အထောက်အကူဖြစ်စေရန်လည်းကောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစု ပင်လုံအောင်မြင်ရေးကို အထောက်အကူဖြစ်စေရန်လည်းကောင်း ရည်ရွယ်၍ (၃)လတစ်ကြိမ် ထုတ်ဝေလျက် ရှိပါသည်။
 
 
၂။ ယခုအခါ စာစောင် အတွဲ(၁)၊ အမှတ်(၃)ကို ဆက်လက်ထုတ်ဝေမည်ဖြစ်ရာ ပြည်ထောင်စုငြိမ်းချမ်းရေး စာစောင်အတွက် ဆောင်းပါး၊ ကဗျာ၊ သတင်းမှတ်စု၊ အင်တာဗျူးများရေးသားပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါ သည်။
 
 
၃။ပြည်ထောင်စုငြိမ်းချမ်းရေးစာစောင်တွင် ဖော်ပြမည့်စာမူများကို အယ်ဒီတာအဖွဲ့မှ သတ်မှတ်စည်းကမ်းနှင့် အညီ ရွေးချယ်ဖော်ပြသွားမည်ဖြစ်ပြီး ရွေးချယ်ဖော်ပြခြင်းခံရသော စာမူများအတွက် သင့်တော်သည့် စာမူခများ ကို ချီးမြှင့်ပေးသွားမည် ဖြစ်ပါသည်။
 
၄။ကိုယ်တိုင်ရေးစာမူဖြစ်ကြောင်းဖော်ပြချက်နှင့်အတူ စာမူများကို လက်ရေးနှင့်ဖြစ်စေ၊ ကွန်ပျူတာစာစီ ဖြင့်ဖြစ်စေ ရေးသားနိုင်ပြီး [email protected] သို့ လည်းကောင်း၊ အောက်ပါလိပ်စာ များသို့လည်းကောင်း၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့နိုင်ပါကြောင်း အကြောင်းကြားအပ်ပါသည်။
 
(က) ဦးကျော်လွင် ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးအမှတ် (၂၀)၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနနေပြည်တော်။
 
ဖုန်း ဝ၉၂၅၀ဝ၈၉၃၇၃၊ ဖက်စ် ဝ၆၇၃၄၀၉၂၉၂
 
(ခ) ဦးသက်ဆွေ
အထွေထွေမန်နေဂျာ
ရုံးအမှတ် (၇)၊ ပြန်ကြားရေးဝန်ကြီးဌာနနေပြည်တော်။
ဝ၉၉၇၅၀၈၇၂၃၇၊ ဖက်စ် ဝ၆၇၃၄၁၂၅၇၅